แคมเปญ
บล็อก
เริ่มแคมเปญ
En
ไทย
En
ไทย
แคมเปญ
บล็อก
เริ่มแคมเปญ

Help Myanmar (Burmese) Students for Their Further Studies in Thailand

1405

สร้างขึ้นเมื่อวันที่ 22 ธันวาคม 2564
For .........



เรื่องราว
28 เดือนที่แล้ว

ချစ်ခင်ရသော မိတ်ဆွေသူငယ်ချင်းများ

 

ဦးစွာပဏမပြောလိုသည်မှာ ဒီလိုငွေရေးကြေးရေး တောင်းဆိုမှု၊ အလှူခံမှုတွေ ကျနော် တကြိမ်တခါမှ အရင်က မလုပ်ခဲ့ဘူးပါ။ အခုတော့ ကျနော့်တပည့်ကျောင်းသားများအတွက် အရေးပေါ်လိုအပ်ချက်ကြောင့် အကူအညီ တောင်းဆိုခြင်း ဖြစ်ပါတယ်။

 

အားလုံးသိကြတဲ့အတိုင်း လွန်ခဲ့တဲ့ (၅) နှစ် (၂၀၁၆ ဇွန်လ) မှာ ကျနော် US ကနေ မြန်မာပြည်ကို ပြန်သွားခဲ့ပါတယ်။ မြန်မာပြည်မှာရှိနေစဉ် (၄) နှစ်ကျော်ကာလအတွင်း(1) ဆင်းရဲချို့တဲ့ပြီး ပညာထူးချွန် လေ့လာကြိုးစားကြတဲ့ လူငယ်ရာနဲ့ချီကို အင်္ဂလိပ်စာ၊ ကွန်ပြူတာနဲ့ အထွေထွေဗဟုသုတများကို အခမဲ့သင်ကြားပေးခဲ့ပါတယ် (စနေ၊ တနဂ်နွေအတန်းများမှာ အစားအသောက်များပါကျွေးမွေး)။ အပတ်စဉ် တစ်ပတ် တစ်ရက်အချိန်ပေးပြီးတော့လည်း ၈၈ နိုင်ငံရေးအကျဉ်သားဟောင်း၊ အခုလက်ရှိ စခတွေ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကိုစောသက်ထွန်း တည်ထောင်ထားသော အခမဲ့ပညာဒါနကျောင်း Sky Age Free Mobile Education မှာလည်း အင်္ဂလိပ်စာ၊ ကွန်ပြူတာနဲ့ အထွေထွေဗဟုသုတများကို သွားရောက်သင်ကြားပေးပါတယ်။ ပုံမှန်အားဖြင့် သင်တန်းအပတ်စဉ်တစ်ခုမှာ ကျောင်းအိပ်ကျောင်းစား ကျောင်းသား (၅၀-၆၀) ဦး ရှိပြီး၊ သင်တန်းကာလမှာ (၇) လ ကြာမြင့်ပါသည်။

 

(1) ၂၀၂၀ မတ်လမှာ ထိုင်းနိုင်ငံကို visa extension လာတိုးနေချိန် ကိုဗစ်ကြောင့် ခရီးသွားခွင့်တွေ ပိတ်လိုက်တာကြောင့် မြန်မာပြည် ပြန်မရဘဲ ဘန်ကောက်မှာ သောင်တင်နေခဲ့ပါတယ်။ စစ်အာဏာမသိမ်းခင် နေ့အထိ အပတ်စဉ် Online ကနေ တစ်ပါတ်တစ်ကြိမ် စာ(ဆက်လက်) သင်ကြားပေးခဲ့ပါတယ်။

 

ဒီလိုသင်ကြားပေးခဲ့တဲ့ ကျောင်းသားတွေထဲမှ ကျောင်းသားအချို့ ပညာတော်သင်ဆုများ ရရှိပြီး နိုင်ငံခြားတက္ကသိုလ်များသို့ သွားရောက်သင်ကြားနိုင်ခဲ့ပါတယ်။ ကြိုးစားထူးချွန်သော ကျောင်းသားများစွာကိုလည်း ပညာတော်သင်ဆုများနဲ့ နိုင်ငံတကာကျောင်းများသို့ ပို့ဆောင်ပေးရန် ကြိုးပမ်းနေချိန် စစ်အာဏာသိမ်းမှုကြောင့် အလုံးစုံ ပျက်သုဉ်းခဲ့ရပါတယ်။ သင်ကြားပေးခဲ့တဲ့ ကျောင်းသားတွေအားလုံးနီးပါး နွေဦးတော်လှန်ရေးမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ကြပြီး၊ အခုအချိန်မှာ အချို့ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရပြီး၊ အချို့မှာတော့ PDF တပ်ဖွဲ့များထဲဝင်ရောက် လှုပ်ရှားနေကြပါတယ်။

 

ဒီအထဲမှ တချို့ကျောင်းသားများမှာတော့ အနာဂတ်တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်း ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့ ပညာရပ်ဆိုင်ရာ ဖြည့်ဆည်းဖို့အတွက် ပညာဆက်လက်ရှာဖွေရေးကို ရွေးချယ်လုပ်ဆောင်ကြပါမယ်။ ဒီအတွက် ဒီနေ့လို အခက်အခဲ၊ အကျပ်အတည်းကြားမှ ကျနော်တို့ လမ်းညွှန်အားပေးပံ့ပိုးမှုနဲ့ ကျောင်းသူကျောင်းသားလေးတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် ထိုင်းနိုင်ငံရဲ့ အထင်ကရတက္ကသိုလ် ကျောင်းတကျောင်းဖြစ်တဲ့ (National Institute of Development Administration) မှာ မဟာဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်စာသင်ကြားရေး အထူးပြု) ကို တပည့်ကျော် (၃) ဦး (မ နှစ်၊ ကျား တစ်) တက်ရောက်သင်ကြားခွင့် ရရှိပါတယ်။ သူတို့လေးတွေမှာ နွေဦးတော်လှန်ရေးမှာ တလျှောက်လုံး ရှေ့တန်းကနေ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ကြသူတွေ ဖြစ်ပါတယ်။

 

NIDA မှာ အာရီ စာသင်ကြားပို့ချနေသော တက္ကသိုလ်ကျောင်းဖြစ်တဲ့အတွက် သူတို့လေးတွေ ကျောင်းဝင်ခွင့်၊ တက်ခွင့်ရဖို့အတွက် အာရီရဲ့ထောက်ခံမှု၊ လမ်းညွှန်မှုများစွာကိုလည်း ရရှိခဲ့ပါတယ်။ ဒီလိုအခက်အခဲကြားမှ ကိုယ့်ကျောင်းသူကျောင်းသားများ လွတ်လပ်ဘေးရန်ကင်းစွာနဲ့ နိုင်ငံခြားတက္ကသိုလ်ကျောင်းမှာ ပညာသင်ကြားခွင့် ရရှိတဲ့အတွက် ကျနော်တို့ အထူးဂုဏ်ယူဝမ်းမြောက်နေပါတယ်။

 

သို့ပေမဲ့ အားလုံးသိတဲ့အတိုင်း လတ်တလော နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ကပ်ရောဂါ တားမြစ်ချက်တွေကြားကနေ သူတို့လေးတွေ လုံခြုံအဆင်ပြေစွာ ထွက်ခွာလာနိုင်ရေးနဲ့ ပြောင်းရွှေ့နေထိုင်ရေးအတွက် ကျနော်တို့နှစ်ယောက် များစွာငွေကြေးကုန်ကျ၊ အချိန်ပေးပြီး လုပ်ဆောင်နေရပါတယ်။ အတန်းများကို ၂၀၂၂ ဂျန်နဝါရီလ ဒုတိယပါတ်မှာ စတင်တက်ရောက်ရပါမည်။ တဘက်မှာ ထူးချွန်ကြတဲ့ ဒီကျောင်းသားလေးတွေက အလွန်ဆင်းရဲချို့တဲ့ကြတဲ့ တောရွာမြို့လေးတွေမှ လာကြပြီး၊ သူတို့လေးတွေအဖို့ အိမ်နီးချင်းထိုင်းနိုင်ငံမျိုးမှာတောင် ပညာသင်ကြားခွင့်ရရှိဖို့ကို အိပ်မက်ရဲရဲမမက်ခဲ့ကြဘဲ ရှိနေရာ၊ အခုလို ပညာသင်ကြားခွင့် ရရှိကြတဲ့အတွက် အထူးဝမ်းမြောက်နေကြပါတယ်။

 

သူတို့အနေနဲ့ လက်ရှိမှာ NIDA တက္ကသိုလ်မှ ပညာသင်စရိတ် တစိတ်တပိုင်း (partial grant) ရရှိပေမယ့်၊ နေစရိတ်စားစရိတ် (တစ်နှစ်ပျှမ်မျှ ဒေါ်လာငါးထောင်ကျော်) အတွက် အကူအညီ လိုအပ်နေပါသေးတယ်။ ထောက်ပံ့ကြေး (grant) ရရှိဖို့ အဖွဲ့အစည်းတချို့နဲ့ ပြောဆိုထားပေမယ့် လက်ရှိ ပြည်တွင်းအခြေအနေအရ အချိန်မီ (ဂျန်နဝါရီ ကျောင်းဖွင့်ချိန်အမီ) မရရှိနိုင်သေးပါ။ ဒီအခြေအနေမှာ ကျနော်တို့ နှစ်ယောက်အားနဲ့ ကျောင်းသူကျောင်းသူ (၃) ယောက်စာအတွက် မနိုင်ဝန်ရှိနေတာကြောင့် ချစ်ခင်ရသော သူငယ်ချင်းမိတ်ဆွေ ညီအကိုမောင်နှမများအား အခုလို အကူအညီတောင်းခံရခြင်း ဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်မှာ ကျနော်တို့အားလုံး နွေဦးတော်လှန်ရေးအတွက် လှူဒါန်းကူညီပံ့ပိုးနေကြတယ်ဆိုတာကို သိနေပေမယ့် ကူညီထောက်ပံ့မှု လိုအပ်နေတဲ့ ဒီကျောင်းသူကျောင်းသားများကိုလည်း တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးဖို့ကိုလည်း မေတ္တာရပ်ခံပါတယ်။ အနည်းအများ ကူညီပံ့ပိုးနိုင်ကြမယ်လို့လည်း ယုံကြည်မျှော်လင့်ပါတယ်။

 

 လောလောဆယ် ကျောင်းသားလေးတွေကိုယ်စား အာရီနဲ့ ကျနော်တို့က သူငယ်ချင်းမိတ်ဆွေ ညီအကိုမောင်နှမအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ကျောင်းသူကျောင်းသားများ ရောက်ရှိလာပြီး၊ ကျောင်းစတက်ချိန်မှာ သူတို့အကြောင်းအပြည့်အစုံကို အလှူရှင်များ သိရှိနိုင်ဖို့ အကြောင်းကြားပေးပါမယ်။

မေးခွန်းများရှိပါက အချိန်မရွေး မေးမြန်းနိုင်ပါတယ်။ ကျေးဇူးအထူးတင်ရှိပါတယ်။

 

နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပြီး လိုရာဆန္ဒများနဲ့ ပြည့်စုံကြပါစေ။

 

လေးစားချစ်ခင်စွာဖြင့်

ဇော်အာရီ

လက်ရှိငွေကြေးလဲလှယ်နှုန်းက တစ်ဒေါ်လာ = ၃၃.၇၄ ဘတ် (+/-)





คัดลอกลิงค์
รายงานแคมเปญนี้
แชร์ทางอีเมล์
x
  แชร์ทางอีเมล์
x
  คัดลอกลิงค์

x
  รายงานแคมเปญนี้
( คอมเมนท์นี้จะไม่ขึ้นบนหน้า Facebook ของคุณ )
ผู้บริจาคคนแรก
5,000 THB
ไม่ประสงค์ออกนาม...
Best of luck to them as they move on to the next chapter in their life. Best wishes and good luck!

ผู้บริจาคจำนวนสูงสุด
150,000 THB
Aye Aye
Pay it forward

11 การบริจาค
4 เดือนที่แล้ว
100 THB
ไม่ประสงค์ออกนาม...
23 เดือนที่แล้ว
1,615 THB
Chanawin Tengamnuay
28 เดือนที่แล้ว
3,333 THB
ไม่ประสงค์ออกนาม...
28 เดือนที่แล้ว
1,800 THB
Jessica
:D
28 เดือนที่แล้ว
150,000 THB
Aye Aye
Pay it forward
28 เดือนที่แล้ว
1,520 THB
Moe Carlin ( Naw sa...
28 เดือนที่แล้ว
500 THB
ไม่ประสงค์ออกนาม...
Keep on fighting together!
28 เดือนที่แล้ว
10,000 THB
Lin, Brown, Chu, Fi...
28 เดือนที่แล้ว
2,114 THB
Amy Nwe Hlaing
28 เดือนที่แล้ว
5,000 THB
ไม่ประสงค์ออกนาม...
For better future of our country
...
1
2
...



ร่วมบริจาค









ข่าวตามสื่อต่างๆ